• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, March 11, 2013

မောင်နှမ အချစ်


မောင်နှမ အချစ်

By လွင်ပြင်
February 23, 2013

ကျမမှာ ကျမထက် သုံးနှစ်ငယ်တဲ့ မောင်လေး တစ်ယောက် ရှိတယ်။ ကျွန်မဟာ ကိုယ့် ပတ်ဝန်းကျင်က
မိန်းကလေး ငယ်လေးတွေ အားလုံးလိုလိုမှာ ရှိကြတဲ့ လက်ကိုင်ပုဝါလေး တစ်ထည်ကို ဝယ်ချင်ခဲ့တယ်။
ဒါကြောင့်မို့ ကျမဟာ တစ်နေ့မှာတော့ ဖေဖေ့ စားပွဲအံဆွဲထဲက ငွေ ပြားငါးဆယ်ကို ခိုးယူမိပါတယ်။

ချက်ခြင်းဆိုသလိုပဲ ဖေဖေက ငွေပျောက်သွားတာကို သိပါတယ်။ ဖေဖေက ကျွန်မကိုရော မောင်လေးကိုပါ
နံရံကို မှီပြီး ဒူးထောက်စေပါတယ်။ သူ့လက်ထဲမှာလည်း ကြိမ်လုံးကို ကိုင်ထားတယ်။
“ဘယ်သူ ပိုက်ဆံ ခိုးသလဲ” လို့ သူက မေးပါတယ်။

ကျမလေ ကြက်သေသေသွားပြီးစကားပြောမထွက်အောင် ကြောက်ရွံ့နေပါတယ်။ မောင်နှမ နှစ်ယောက်
လုံး ဘယ်သူကမှ အပြစ်ကို ဝန်မခံကြပါဘူး။ ဒီတော့ ဖေဖေက
“ကောင်းပြီလေ။
ဘယ်သူမှ ဝန်မခံချင်ရင်တော့ နှစ်ယောက်လုံးကို ရိုက်ရမှာပေါ့”
လို့ ပြောပြီး ကြိမ်လုံးကို မြှောက်လိုက်ပါတော့တယ်။

ရုတ်တရက် မောင်လေးက ဖေဖေ့ရဲ့ လက်ကို ဆွဲဖမ်းလိုက်ပြီး
“ဖေဖေ၊ ပိုက်ဆံခိုးတာသားပါ”
လို့ ပြောလိုက်တယ်။ ကြိမ်လုံးရှည်ကြီးဟာ မောင်လေးရဲ့ကျောပြင်ပေါ်ကို တဖြန်းဖြန်းကျလာပါတော့တယ်။
ဖေဖေဟာအသက်ရှူရပ်သွားလောက်အောင် မောင်လေးကိုရိုက်တဲ့အထိ ဒေါသထွက်နေခဲ့ပါတယ်။
အဲဒီနောက်တော့ဖေဖေဟာ ကျောက်တုံးခုံပေါ်ထိုင်ပြီး မောင်လေးကို ဆူပူကြိမ်းမောင်းပါတယ်။

“မင်းဟာ အခုပဲ ကိုယ့်အိမ်ကပစ္စည်း ခိုးတတ်နေပြီ။
နောင်မှာ ဘယ်လို စိတ်အနှောင့်အယှက် ဖြစ်စရာတွေကို လုပ်လာနိုင်ဦးမယ် မသိဘူး။ မင်းကိုတော့ သေအောင် ရိုက်ပစ်သင့်တာပဲ။
မင်းဟာ အရှက်မရှိတဲ့ သူခိုးပဲ။”

အဲဒီညက မေမေရော ကျမပါ မောင်လေးကို ပွေ့ဖက်ထားတယ်။ သူ့တစ်ကိုယ်လုံး အရိုက်ခံရတဲ့ဒဏ်ရာတွေ
နှင့် ပြည့်နှက်နေတာပဲ။ ဒါပေမဲ့ သူ မျက်ရည်တစ်စက်မကျဘူး။ ညသန်းခေါင်မှာ ကျမရုတ်တရက် အော်ငိုမိ
တယ်။ မောင်လေးက ကျမပါးစပ်ကို သူ့လက်လေးနှင့် ပိတ်လိုက်ပြီး
“အစ်မ မငိုနဲ့တော့နော်။ အားလုံးကဖြစ်ပြီးသွားပြီလေ” တဲ့။

ကျမဟာ ကိုယ်လုပ်ခဲ့တာကို ကိုယ် ဝန်ခံနိုင်တဲ့ သတ္တိမရှိတဲ့အတွက် ကိုယ့်ကိုကိုယ် အခုထိ မုန်းနေတုန်းပါ
ပဲ။ နှစ်တွေ ကုန်လွန်သွားခဲ့ပေမဲ့ မနေ့တစ်နေ့ကမှ ဖြစ်ခဲ့တဲ့ အပြစ်အပျက်တစ်ခုလို ရှိနေတုန်းပါပဲ။ ကျမကို ကာကွယ်ခဲ့တုန်းက မောင်လေးရဲ့ ဖွင့်ထုတ်ဝန်ခံခဲ့တဲ့စကားကို ကျွန်မ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။
မောင်လေးက အသက် (၈)နှစ်၊ ကျွန်မက အသက် (၁၁)နှစ်အရွယ် နှစ်မှာပေါ့။

မောင်လေး secondary school နောက်ဆုံးတက်ရတဲ့ နှစ်တုန်းက သူ upper secondary school မှာ
ဆက်တက်ခွင့်ရခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကျမကတော့ ပြည်နယ် တက္ကသိုလ်တစ်ခုမှာ တက်ခွင့်ရ
ခဲ့ပါတယ်။
အဲဒီနေ့ညက ဖေဖေဟာ ဆေးလိပ်တစ်ဗူးပြီးတစ်ဗူး သောက်ရင်းခြံထဲမှာ ဆောင့်ကြောင့်ထိုင်နေတယ်။
ဖေဖေက
“ဒို့ ကလေးနှစ်ယောက်လုံးက ရလဒ် ကောင်းကြတယ်။တကယ်ကို ကောင်းကြတာကွာ”လို့ မေမေ့ကိုပြော
နေတာကိုကျမ ကြားရတယ်။ မေမေက မျက်ရည်သုတ်၊ သက်ပြင်းချရင်း - “အမှတ်ကောင်းတော့ရော ဘာ
အသုံးကျမှာလဲ၊ နှစ်ယောက်လုံးအတွက် ဘယ်လိုလုပ် ငွေကြေးတတ်နိုင်မှာလဲ” လို့ ပြန်ပြောတယ်။

အဲလို ပြောနေကြတုန်း မောင်လေးက ပြေးထွက်သွားပြီး ဖေဖေ့ရှေ့မှာ ရပ်လို့ ပြောလိုက်တယ်လေ။
“ဖေဖေ … သား စာဆက်မသင်ချင်တော့ဘူး။
ဒီလောက် သင်ရပြီးရင် တော်ပါပြီ” တဲ့။
ဖေဖေက သူ့လက်ဝါးကိုတစ်ချက်လွှဲပြီး မောင်လေးမျက်နှာကို ရိုက်ထည့်လိုက်တယ်။
ဘာလို့ ဒီလောက် စိတ်ဓာတ်အားနည်းရတာလဲ။
မင်းတို့ မောင်နှမ ကျောင်းထားရလို့ ဖေဖေ လမ်းထွက်ပြီး တောင်းစားရလျှင်တောင် မင်းတို့ နှစ်ယောက်လုံး
ကျောင်းပြီးသည်အထိ ငါ ကျောင်းထားမယ်။

အဲဒီနောက်တော့ ဖေဖေဟာ တစ်ရွာလုံးကအိမ်တွေကို တံခါးလိုက်ခေါက်ပြီးငွေချေးတော့တာပဲ။ ကျမက
တော့ မောင်လေးရဲ့ယောင်ရမ်းနေတဲ့ မျက်နှာလေးကို ကျမလက်လေးနှင့် အတတ်နိုင်ဆုံး ညင်ညင်သာသာ
လေး ကိုင်စမ်းရင်း
“မောင်လေးရယ် … ယောက်ျားလေး ဆိုတာ ကျောင်းပြီးအောင် စာသင်ရမယ်။
မဟုတ်ရင် အစ်မတို့ အခုရင်ဆိုင်နေရတဲ့ ဆင်းရဲမှုကိုလွန်မြောက်အောင် မောင်လေးလုပ်နိုင်မှာ မဟုတ်ဘူး
လေ” လို့ ပြောမိတယ်။
အခြားတစ်ဖက်မှာတော့ ကျမဟာ တက္ကသိုလ်ဆက်မတက်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။

နောက်နေ့ အာရုံမတက်ခင်မှာတော့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အဝတ်လေး နည်းနည်းပါးပါးရယ်၊ ပဲသီး
ခြောက်လေး နည်းနည်းရယ်ကိုယူပြီး မောင်လေး အိမ်ကနေလစ်ထွက်သွားတာကို ဘယ်သူမှ မသိလိုက်
ကြဘူးလေ။ ကျမ အိပ်ရာဘက်ကို အသာလေးလာပြီး ခေါင်းအုန်းအောက် စာတိုလေး ထားသွားခဲ့တယ်။
သူ့စာလေးက
"အစ်မရယ် … တက္ကသိုလ် တက်ခွင့်ရတယ် ဆိုတာ လွယ်တာ မဟုတ်ဘူးနော်။
ကျနော် အလုပ်တစ်ခု သွားရှာပြီး အစ်မဆီကို ငွေပို့ပေးမယ်နော်” တဲ့။
အိပ်ရာပေါ် ထိုင်ပြီး စာလေးကို ဆုပ်ကိုင်ထားရင်း အသံမထွက်တော့တဲ့ အထိ ကျမ ငိုခဲ့ရပါတယ်။
မောင်လေးက အသက် (၁၇)နှစ်နှစ်၊ ကျမက (၂၀)နှစ်ရောက်တဲ့ နှစ်ကပေါ့။

ဖေဖေ တစ်ရွာလုံးက ချေးငှါးထားတဲ့ ငွေရယ်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဘိလပ်မြေသယ်လို့မောင်
လေးရ,ထားတဲ့ငွေလေးတွေနှင့် နောက်ဆုံးမှာတော့ တက္ကသိုလ် တတိယနှစ်ကိုတက်ရောက်နိုင်ခဲ့တယ်။
တစ်နေ့မှာတော့ ကျမ အခန်းမှာစာဖတ်နေတုန်း အခန်းဖော်က,လာပြီး
“အပြင်မှာ ရွာသားတစ်ယောက် မင်းကိုစောင့်နေတယ်” လို့ ပြောတယ်။

ရွာသားတစ်ယောက်က ဘာလို့ ကျမကို လာရှာနေတာပါလိမ့်။ ကျမ ထွက်သွားလိုက်တော့ အဝေးကပဲ
မောင်လေးကို မြင်လိုက်ရပါတော့တယ်။ သူ့တစ်ကိုယ်လုံးမှာလည်း အညစ်အကြေးတွေ၊ အမှုန်တွေ၊ ဘိ
လပ်မြေတွေ၊ သဲတွေ ကပ်နေလို့ပေါ့။
“မောင်လေးရယ် … အစ်မရဲ့အခန်းဖေါ်ကို မင်းဟာ အစ်မရဲ့မောင်လေးပါလို့ ဘာလို့မပြောရတာလဲ”
လို့ ကျမက မေးတော့ သူက
“ကျနော့ ပုံကိုလည်း ကြည့်ဦးလေ။
ကျနော်ဟာ အစ်မရဲ့ မောင်လေးပါ ဆိုရင် သူတို့တွေ ဘယ်လိုထင်ကုန်မလဲ။
သူတို့တွေ အမ ကို မဟားကြပေဘူးလား” လို့ ပြုံးပြုံးလေးနှင့် ပြန်ပြောတယ်။
ကျမဟာ အလွန်စိတ်ထိခိုက်ရပြီး ကျမ မျက်လုံးတွေမှာလည်း မျက်ရည်တွေ ပြည့်လို့ပေါ့။
မောင်လေး ကိုယ်ပေါ်က အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေကို သုတ်ပစ်လိုက်ပြီး လည်ချောင်းမှာ တစ်ဆို့
ကြီးနှင့်
“တစ်ခြားလူတွေ ဘာပြောပြော အစ်မ ဂရုမစိုက်ဘူး။
မောင်လေးဟာ ဘာပုံပဲ ပေါက်နေပေါက်နေ ကိစ္စမရှိဘူး။ မောင်လေးဟာ အစ်မရဲ့ မောင်လေးပါ”
လို့ပြောလိုက်တယ်။

သူက သူ့အိပ်ကပ်ထဲကနေ လိပ်ပြာပုံ ဆံညှပ်လေးကို ထုတ်လိုက်တယ်။ ကျမရဲ့ ဆံပင်ကို ညှပ်ပေးပြီး
"မြို့က မိန်းကလေး အားလုံးရဲ့ ခေါင်းမှာ ဒီဆံညှပ်လေး ညှပ်ထားတာကို ကျနော် တွေ့တယ်။
ဒါကြောင့်မို့ အစ်မမှာလည်း တစ်ခုတော့ ရှိသင့်တယ်လို့ ကျနော် ထင်လို့လေ" တဲ့။ ကျမဟာ နောက်ကို ပြန်မဆုတ်နိုင်တော့ပဲ မောင်လေးကိုဆွဲဖက်ပြီး ငိုမိတယ်။ မောင်လေး အသက် (၂၀)၊
ကျမ အသက် (၂၃)နှစ် အရွယ်ကပေါ့။

ကျမရဲ့ ရည်စားကို အိမ်ကိုစ,ပြီးခေါ်ခဲ့တုန်းက ကွဲနေတဲ့ပြတင်းပေါက်ကို ပြင်ထားတာကို ကျမ သတိထား
မိတယ်။ အိမ်ကိုလည်း သန့်ရှင်းနေအောင် တိုက်ချွတ်ဆေးကြောထားတယ်။
ကျမရည်စား ပြန်သွားတော့ မေမေ့ရှေ့မှာ ကလေးမ,လေးလို က,ရင်း
"မေမေရယ် အိမ်ကို သန့်ရှင်းရေးလုပ်တာ ဒီလောက် အချိန်ကုန်ခံစရာ မလိုပါဘူး" လို့ ပြောလိုက်တယ်။
ဒါပေမဲ့ မေမေက ပြုံးပြီးတော့
“အိမ်ကို သန့်ရှင်းရေးလုပ်ဖို့ အစောကြီးလာသွားတာ သမီးရဲ့မောင်လေးပါ။
သူ့လက်က ဒဏ်ရာကို သမီးမမြင်ဘူးလား။
ပြတင်းပေါက်ကို လဲတပ်နေတုန်း သူ့လက် ထိသွားတာလေ” တဲ့။

ကျမ မောင်လေးရဲ့အိပ်ခန်းထဲကို သွားလိုက်တယ်။ မောင်လေးမျက်နှာကိုကြည့်ရင်း ကျမရဲ့ရင်ထဲမှာ ရာ
ပေါင်းများစွာသောအပ်တွေ စူးဝင်ခံရ,သလို ခံစားရတယ်။
မောင်လေး ဒဏ်ရာကို လိမ်းဆေးလိမ်းပေးပြီး ပတ်တီး စည်းပေးပါတယ်။ “နာလားဟင်”လို့ သူ့ကို မေးတော့
“ဟင့်အင်း၊ မနာပါဘူး” တဲ့။ ဆောက်လုပ်ရေး ဆိုက်မှာဆိုရင် ကျောက်ခဲတွေက ကျနော့် ခြေထောက်ပေါ်
တစ်ချိန်လုံးလိုလို ကျနေတယ်လေ။ အဲဒီလို ဖြစ်နေတာကတောင် အလုပ်မလုပ်အောင် ကျနော့ကိုမတား
ဆီးနိုင်ခဲ့ပါဘူး။
 အဲဒီဝါကျရဲ့ အလယ်လောက်မှာ သူက,စကားကို ရပ်လိုက်တယ်။
ကျမ မောင်လေးကိုကျောပေးလိုက်ပေမဲ့ မျက်ရည်တွေကတော့ ကျမရဲ့မျက်နှာပေါ်ကို လိမ့်ဆင်းကျလာ
တယ်လေ။
မောင်လေး အသက် (၂၃)နှစ်၊ ကျမ အသက် (၂၆)နှစ်မှာပေါ့။

လက်ထပ်ပြီးတဲ့နောက် ကျမဟာ မြို့မှာနေပါတယ်။
ကျမခင်ပွန်းက ကျမမိဘတွေကို ကျမတို့နှင့်လာပြီး အတူနေဖို့ အကြိမ်ပေါင်းများစွာဖိတ်ခေါ်ပါတယ်။ ဒါပေမဲ့
မိဘတွေက လာမနေချင်ကြပါဘူး။ ရွာကထွက်လာလိုက်တာနှင့် သူတို့ဘာလုပ်ရမယ်ဆိုတာ သိတော့မှာ မ
ဟုတ်ဘူးလို့ ပြောကြတယ်။ မောင်လေး ကလည်း မိဘတွေနှင့် တစ်သဘောထဲပါပဲ။
သူက “အမရယ် … ယောက္ခမတွေကိုသာ ဂရုစိုက်ပါ။
ကျနော်က ရွာမှာ မေမေနှင့် ဖေဖေကို ဂရုစိုက်ပါ့မယ်” တဲ့။
ကျမ ခင်ပွန်းက သူ့စက်ရုံမှာ ညွှန်ကြားရေးမှုး ဖြစ်လာပါတယ်။ မောင်လေးကို ပြုပြင်ထိန်းသိမ်းရေး ဌာနမှာ
မန်နေဂျာ အဖြစ် ကမ်းလှမ်းတာကို လက်ခံဖို့ ကျမတို့က ပြောကြတယ်။
ဒါပေမဲ့ ကမ်းလှမ်းမှုကို မောင်လေးက ငြင်းခဲ့ တယ်လေ။ အဲဒီအစား အစဆုံး ပြုပြင်ရေးအလုပ်သမားအဖြစ် အလုပ်လုပ်ဖို့ပဲ ဇွတ်ပေပြောနေခဲ့တယ်။

တစ်နေ့မှာတော့ မောင်လေးဟာ ကေဘယ်ကြိုးတစ်ခုကို ပြုပြင်ရင်း လှေခါးထိပ်မှာ ရောက်နေတာပေါ့။ အဲဒီ
အချိန်မှာပဲ ဓာတ်လိုက်ခံရပြီး သူ့ကိုဆေးရုံကို ပို့ရတယ်။ ကျမနှင့် ကျမခင်ပွန်းတို့ ဆေးရုံကို လိုက်သွားပြီး
သူ့ကို တွေ့ပါတယ်။ သူ့ခြေထောက်မှာ ကျောက်ပတ်တီး စည်းထားတာကို ကြည့်ရင်း
“မန်နေဂျာ ခန့်တာကို ဘာလို့ ငြင်းလိုက်ရတာလဲ။
မန်နေဂျာဆိုတာ ဒီလိုမျိုး အန္တရာယ်ရှိတဲ့ အလုပ်မျိုးတွေ မလုပ်ရဘူးလေ။
အခု ကြည့်ပါလား။ မောင်လေး ပြင်းထန်တဲ့ ဒဏ်ရာကို ခံစားနေရတာလေ။
အစ်မတို့ ပြောတာကို ဘာလို့ နားမထောင် ရတာလဲ” လို့ ညည်းငြူပြောဆို လိုက်ပါတယ်။

သူ့မျက်နှာပေါ်မှာ လေးနက်တဲ့ မျက်နှာထားနှင့် သူက သူ့ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုပါတယ်။
“ယောက်ဖအတွက် စဉ်းစားပါဦး။
သူက အခုမှ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်ကာစ,လေ။
ကျနော်က ပညာမတတ်ပဲ မန်နေဂျာဖြစ်လာမယ်ဆိုရင် ဘယ်လို ကောလဟလ စကားတွေ ပြန့်နေမလဲ”
တဲ့။
ကျမ ခင်ပွန်းရဲ့မျက်လုံးတွေမှာ မျက်ရည်တွေ ပြည့်လို့ပေါ့။
"ဒီလိုဆိုရင် အစ်မကြောင့် မောင်လေး ပညာမတတ်တာလေ” လို့ ပြောလိုက်တော့
“ဘာလို့အတိတ်အကြောင်း ပြောရတာလဲ” လို့ ပြောပြီး ကျမလက်ကို ဆုပ်ထားတယ်။
အဲဒီနှစ်က မောင်လေးက အသက် (၂၆)နှစ်၊ ကျမက (၂၉)နှစ်ပေါ့။

မောင်လေး ရွာက,လယ်သူမလေးကို လက်ထပ်တော့ သူ့အသက် (၃၀) ရှိပါပြီ။ မင်္ဂလာဧည့်ခံပွဲမှာ အခမ်း
အနားမှူးက
“မင်း အလေးစားဆုံးနှင့် အချစ်ဆုံး တစ်ယောက်ဟာ ဘယ်သူလဲ”လို့ သူ့ကို မေးတယ်။ စဉ်းစားချိန်တောင် ယူမနေပဲ
“ကျွန်တော့ အစ်မပေါ့ဗျာ” လို့ သူက ဖြေလိုက်တယ်။
ကျမ မှတ်တောင် မမှတ်မိနိုင်တော့တဲ့ အဖြစ်အပျက်လေးတစ်ခုကိုပြောရင်း သူက,ဆက်ပြောပါတယ်။
“မူလတန်းကျောင်းမှာ ကျောင်းတက်တုန်းက ကျောင်းက တစ်ခြားရွာ တစ်ရွာမှာလေ။
နေ့တိုင်း ကျွန်တော်နှင့် ကျွန်တော့ အမတို့ဟာ ကျောင်းကို နှစ်နာရီကြာအောင် သွားရပြီး အိမ်ပြန်ရတယ်။
တစ်နေ့မှာတော့ လက်အိပ်တစ်စုံ ပျောက်သွားတယ်။
အစ်မက သူရဲ့လက်အိပ်တစ်ဖက်ကို ပေးတယ်။
သူက တစ်ဖက်ပဲ ဝတ်ပြီး အဝေးကြီး လမ်းလျှောက်ရတယ်။
ကျနော်တို့ အိမ်ရောက်တော့ အစ်မဟာ အေးလွန်းတဲ့ရာသီဥတုကြောင့် တူကိုတောင်မကိုင်နိုင်တော့
လောက်အောင်ကို တုန်နေပါတော့တယ်။
အဲဒီနေ့ကစပြီး ကျနော် အသက်ရှင်သမျှကာလ,ပတ်လုံး အစ်မကိုစောင့်ရှောက်ပြီး အမြဲတမ်း သူ့အပေါ်
ကောင်းပါ့မယ်လို့ ကျွန်တော် အဓိဋ္ဌာန်ပြုခဲ့ပါတယ်” တဲ့။
တစ်ခန်းလုံး လက်ခုပ်သြဘာသံတွေနှင့် ပြည့်လျှံသွားခဲ့တာပေါ့။

ဧည့်သည်အားလုံးက ကျွန်မဘက်ကို အာရုံစိုက်လာပါတယ်။ ကျမ စကားပြောဖို့ ခက်ခဲနေတာကို တွေ့ရပါ
တယ်။
“ကျမ တစ်သက်လုံးမှာ ကျေးဇူးအတင်ရ,ဆုံးတစ်ယောက်ကတော့ ကျမရဲ့ မောင်ပဲ ဖြစ်ပါတယ်ရှင်”
လို့ ပြောပြီး ဒီပျော်ရွှင်ဖွယ်အခါသမယ,မှာ လူအုပ်ရဲ့ရှ့မှာတင်ပဲ မျက်ရည်တွေဟာ ကျမပါးပြင်ပေါ်ကိုစီးဆင်း
လိမ့်ကျ နေပါတော့တယ်။

Copy from http://satekuupuyar.blogspot.com/2013/02/blog-post_2663.html